ကျွန်းလှ နိုဝင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံဧက ၁၀၀၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံစိုက်ပျိုးရန် ၃၄၈၆၄ ဧကလျာထားပြီး လက်ရှိအချိန်ထိမြေပဲ ၂၅၁၀ ဧက၊ နှမ်း ၇၈၅၆ ဧက၊ ပန်းနှမ်း ၃၅၁ ဧက စုစုပေါင်း ၁၀၇၁၇ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်း မျိုးသန့်ရရှိရေးဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်ရေး ကွင်းသရုပ်ပြပွဲများပြုလုပ်ခြင်း၊ ဓာတ်မြေဩဇာစနစ် တကျအချိန်ကိုက်သုံးစွဲရေးနှင့် ပိုးမွှားကျရောက်မှုကင်းစင်ရေး ကွင်းဆင်း အသိပညာပေးလျက်ရှိသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံအဖြစ် မြေပဲ၁၃၈၉၆ ဧက၊ နှမ်း ၁၄၀၃၃ ဧက၊ နေကြာ ၁၂၃၆ ဧက၊ ပန်းနှမ်း ၅၃၄၂ ဧက၊ မုံညှင်းစေ့ ၃၅၇ ဧက၊ စုစုပေါင်း ၃၄၈၆၄ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ