ဒဂုံတောင် နိုဝင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို နိုဝင်ဘာ ၆ ရက်နေ့က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အခွန်အထောက်အကူပြုအဖွဲ့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းလွင်က အမှာစကားပြောကြားပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်နန္ဒာဝင်းက အခွန်ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားရာဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်စုစုပေါင်း (၁၁၃)ဦး တက်ရောက်ကြောင်း သိရှိရသည်။
နေမျိုးအောင် (ဒဂုံတောင်)