တန်ဆောင်မုန်းလပြည့်နေ့တွင် ဓနုဖြူမြို့နယ်၌ နှစ်ကျိပ်ရှစ်ဆူကုန်သော ဗုဒ္ဓဆင်းတုတော်များ မြို့တွင်းသို့ အပူဇော်ခံကြွချီ

ဓနုဖြူ  နိုဝင်ဘာ  ၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၁၃၈၇ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့၌ နှစ်ကျိပ်ရှစ်ဆူကုန်သော ဗုဒ္ဓဆင်းတု တော်များမြို့တွင်းသို့ အပူဇော်ခံကြွချီခြင်းနှင့် ဆရာတော်သံဃာတော်များအန္တရာယ်ကင်းပရိတ်ရွတ်ဖတ် အပူဇော်ခံကြွချီခြင်းကို နိုဝင်ဘာလ ၄ ရက်နေ့ ညနေပိုင်းက မြို့တွင်းသို့ လှည့်လည်အပူဇော်ခံကြွချီခဲ့သည်။

အဆိုပါလှည့်လည် အပူဇော်ခံခြင်းကို ကျိုက္ကလွန်ပွန်း စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ဦးဆောင်၍ နှစ်စဉ်ကျင်းပခြင်းဖြစ်ပြီး၊ ထိုသို့လှည့်လည်ရာ၌ ဆရာတော်၊ သံဃာတော်များမှ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ကာ မြို့အတွင်း လှည့်လည် အပူဇော်ခံခဲ့ရာ ဓနုဖြူမြို့နယ်အတွင်းရှိ ပြည်သူပြည်သားများမှလည်း ပရိတ်ရေ၊ ပရိတ်အိုးများဖြင့် ပူဇော်ကန်တော့ခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)