ကျောင်းကုန်း နိုဝင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ မြို့ကျက်သရေဆောင် မျက်ရှင်တော်ပြည်လုံးချမ်းသာဘုရားကြီး၊ ရှေးဟောင်းသမိုင်းဝင် မိုဃ်းကောင်းဘုရားကြီးနှင့် သုခပြည့်စုံဘေးရန်လုံစေတီတို့တွင် ယမန်နေ့ တန်ဆောင်မုန်းလပြည့်နေ့ည ဘုရားစေတီပုထိုးများ၌ ဆီမီးထွန်းညှိပူဇော်ခဲ့ကြကြောင်း သိရသည်။
ယနေ့ တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့)ဖြစ်သဖြင့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ အထွဋ်အမြတ်နေ့တစ်နေ့ ဖြစ်သည်နှင့်အညီ ဘုရားစေတီပုထိုးများ၌ ဆီမီးထွန်းညှိပူဇော်ခြင်းနှင့် မီးပုံးပျံများလွှတ်တင်၍ ဆီမီးပူဇော်ခဲ့ကြကြောင်းသိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)