သရက်မြို့၌ (၉၈)ကြိမ်မြောက် သာသနာ့အနွယ်ဝင် သီလရှင် (၆၂)ပါးအား ဆွမ်းဆန်တော်နှင့် အလှူငွေ လောင်းလှူ

သရက် နိုဝင်ဘာ ၅

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လစဉ်လပြည့်နေ့တိုင်း လှူဒါန်းလျက်ရှိသည့် (၉၈) ကြိမ်မြောက်သာသနာ့အနွယ်ဝင် သီလရှင်(၆၂)ပါးအား ဆွမ်းဆန်တော်နှင့် အလှူငွေ လောင်းလှူပွဲကို ယမန်နေ့ နံနက် (၈)နာရီက ပြည်တော်အေး ရပ်ကွက်ဆင်ဖြူတော် ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါ လောင်းလှူပွဲကို ဆင်ဖြူတော်ကျောင်းတိုက်ဆရာတော်က ဦးဆောင်၍ ရပ်ကွက်အသီးသီးမှ အလှူရှင် စေတနာရှင်များ စုပေါင်း၍ လစဉ် လပြည့်နေ့တိုင်း သာသနာ့အနွယ်ဝင် သီလရှင် များအား ဆွမ်းဆန်စိမ်းလောင်းလှူလျက်ရှိရာ (၉၈)ကြိမ်မြောက် လောင်းလှူပွဲတွင် မြို့ပေါ်ကျောင်းတိုက် အသီးသီးမှ  သီလရှင်(၆၂)ပါးအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ဆေးနှင့် ဝတ္ထုငွေ အသုံးဆောင်ပစ္စည်းများ လောင်းလှူခြင်းကို စေတနာရှင်အလှူရှင်များ စုပေါင်း၍လောင်းလှူပြီး ဆင်ဖြူတော်ဘုန်းတော်ကြီးကျောင်းဆရာတော်ထံမှ(၈)ပါးသီလခံယူဆောက် တည်ပြီး လှူဒါန်းမှု အစုစုအတွက်  ရေစက်သွန်းချ အမျှတန်းဝေခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)