တိုင်းဒေသကြီးဝန်ကြီးချုပ် တက္ကသိုလ်များ ဇုန်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုနှင့် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများရရှိခဲ့ကြသည့် အမျိုးသား/အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်

ပုသိမ်  နိုဝင်ဘာ   ၅

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အဆင့်မြင့်ပညာဦးစီးဌာန၊ တက္ကသိုလ်များ ဇုန်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုနှင့် အမျိုး သမီးဘောလုံးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများရရှိခဲ့ကြသည့် အောင်ပွဲရ ပုသိမ်ဇုန် အမျိုးသား/အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပုသိမ်တက္ကသိုလ်တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်

 ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့၊ ပုသိမ်တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ကျောင်းသား၊ ကျောင်းသူများက တက္ကသိုလ်များ ဇုန်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး)ဘောလုံးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများ ရရှိခဲ့ကြသည့် အောင်ပွဲရ ပုသိမ်ဇုန် အမျိုးသား/အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုပန်းစည်းများနှင့် ရင်းနှီးနွေးထွေးစွာ ဂုဏ်ပြု ကြိုဆိုခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“တိုင်းဒေသကြီးအတွင်းရှိ တက္ကလိုလ်များကိုဇုန်ခွဲ၍ ဘောလုံးပြိုင်ပွဲများပြုလုပ်၍ တက္ကသိုလ်များ ဇုန်ပေါင်းစုံ(အမျိုးသား/အမျိုးသမီး) ဘောလုံး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် လူရွေးချယ်ခြင်းများကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ တက္ကသိုလ်ဇုန်များခွဲ၍ အရည်အချင်းရှိသည့် အားကစားသမားများကို ဇုန်အလိုက်ရွေးချယ်ခဲ့ပြီး ပုသိမ်တက္ကသိုလ်ဇုန်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ အောင်ပွဲရရှိခြင်းသည် တိုင်းဒေသကြီး၏ အောင်ပွဲလည်းဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစား ပြိုင်ပွဲတွင်လည်း တိုင်းဒေသကြီးအနေဖြင့် အားကစားနည်း(၁၅)နည်းဝင်ရောက်ယှဉ်ပြိုင်ရာတွင် ဒုတိယနေရာရရှိခဲ့ပါကြောင်း၊ ယခုကဲ့သို့ အောင်မြင်မှုရရှိခဲ့သည့်အတွက်လည်း ဂုဏ်ယူဝမ်းမြောက်ပါ ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ပညာရေးတွင်လည်း နောက်ကျမကျန်ရစ်စေရန်နှင့် အားကစားကဏ္ဍတွင်လည်း ပိုမိုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုသိမ်တက္ကသိုလ်ဇုန် ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ထိုက်ထိုက်တန်တန်ဖြင့် ပထမဆုရရှိအောင် အောင်မြင်မှုများရယူခဲ့သည့်အတွက် များစွာဂုဏ်ယူကျေးဇူးတင်ပါကြောင်းနှင့် လာမည့်အားကစားရာသီတွင်လည်း ယခုထက်ပိုမို အောင်မြင်အောင် ကြိုးစားကြစေလိုကြောင်း” ဂုဏ်ပြုအမှာစကားပြောကြားသည်။

ထို့နောက်   အောင်ပွဲရအမျိုးသား/ အမျိုးသမီး  ဘောလုံးအသင်းမှ အားကစားသမားတစ်ဦးစီက ပြိုင်ပွဲဝင် အတွေ့အကြုံများအား ရှင်းလင်းပြောကြားခဲ့ကာ အခမ်းအနားပြီးမြောက်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အားကစားသမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ဂုဏ်ပြုညစာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အဆင့်မြင့်ပညာဦးစီးဌာန၊ တက္ကသိုလ်များ ဇုန်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး)ဘောလုံးပြိုင်ပွဲတွင် ပုသိမ်ဇုန်အနေဖြင့် အမျိုးသား၊ အမျိုးသမီး ဘောလုံးအသင်း ၂ သင်းလုံး ရွှေတံဆိပ်ဆုရရှိခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)