ငပုတောမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မဂ္ဂင်လမ်းတွင်လမ်းဘေးမျဥ်းဆွဲထားခြင်းနှင့် လမ်းဘေးမီးတိုင်များ မီးသီးအသစ်လည်းထားခြင်း၊ လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး

ငပုတော နိုဝင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မဂ္ဂင်လမ်းတွင် ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် လမ်းဘေဝဲ၊ ယာမျဉ်းဆွဲတားခြင်းနှင့် လမ်းဘေးမီးတိုင်များ အသစ်ပြန်လည်လဲလည်ခြင်း၊ လမ်းများ ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ယနေ့မွန်းလွဲပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်နီလာဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက ယာဉ်အန္တရာယ်ကင်းဝေစေရေးနှင့် လမ်းဘေဝဲယာမျဉ်း အမှတ်အသားများကို စနစ်တကျရေးဆွဲ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြို့ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် သန့်ရှင်းသာယာလှပစေရေးတို့အတွက် အထူးအလေး ထား ဆောင်ရွက်ရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။

ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ငပုတောမြို့နယ် တောင်ပိုင်းရပ်ကွက် မြဂန္ဒမာလမ်းနှင့်ပန်းခြံလမ်းတွင် ပြည်သူနှင့် စည်ပင်မှ ပူးပေါင်းထည့်ဝင်ငွေဖြင့် လမ်းကွန်ကရစ်ခင်းရန် ကွင်းဆင်းကြည့်ရှုပြီး ရေရှည်တည်တံ့ခိုင်မြဲအောင် အထူးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)