ပူတာအို နိုဝင်ဘာ ၃
ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ ကောင်ကထောင်ရပ်ကွက်ရှိ စိုက်ပျိုးရေးဦးစီးဌာန ဌာနပိုင်လယ် မတ်ပန်ကွင်းအတွင်း မိုးစပါး ဆင်းဧကရီ-၃ မျိုးစေ့ထုတ်စိုက်ခင်း၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို အောက်တိုဘာ (၃၀)ရက် နံနက်(၉)နာရီက ကျင်းပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြပြီး အဆိုပါစိုက်ကွက်ကို စံကွက်ရိတ်သိမ်းခဲ့ကြရာ တစ်ဧကအထွက်နှုန်း အစိုအထွက် တင်း ၁၀၇ တင်းနှုန်းထွက်ရှိကြောင်းသိရသည်။
ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒေသခံတောင်သူများက အဆိုပါ စိုက်ပျိုးရေးဦးစီးဌာန ဌာနပိုင်လယ်မတ်ပန်ကွင်းအတွင်း မိုးစပါးဆင်းဧကရီ-၃ မျိုးစေ့ထုတ်စိုက်ခင်း အား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် မိုးစပါးများရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)