လှိုင်သာယာ(အရှေ့ပိုင်း) နို၀င်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်လုံးဆိုင်ရာ ၁၃၈၇ခုနှစ်၊ တန်ဆောင်တိုင်ပွဲတော် (ပဉ္စမ) အကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်အခမ်းအနား ကျင်းပပြုလုပ်ခြင်းကို ယမန်နေ့နံနက် (၉)နာရီ၌ အမှတ်(၃) ရပ်ကွက်၊ အောင်စန္ဒာဘုန်းကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထို့နောက် မြို့နယ်သံဃာနာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တရသလင်္ကာရထံမှ ငါးပါးသီလခံယူခြင်း၊ ဆရာတော်သံဃာတော်များအား ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းများ နှင့်ဝတ္ထုငွေ စုစုပေါင်းတန်ဖိုး ငွေကျပ်နှစ်ရာခုနှစ်ဆယ့်ခုနှစ်သိန်းငါးသောင်း (၂၇,၇၅၀,၀၀၀)ကျပ်တိတိတို့ကို ဆက်ကပ်လှူဒါန်းပြီး ကထိန်အနုမောဒနာတရားတော်အား နာကြားခြင်း၊ လှူဒါန်းမှုအစုစုအား ရေစက်သွန်းချအမျှပေးဝေခြင်း၊ ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆို၍ အလှူတော်မင်္ဂလာပွဲ အောင်မြင်စွာပြီးမြောက်ပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ကာ ဖိတ်ကြားထားသော ဧည့်သည်တော်များအား ကြက်ဆီထမင်းဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာ၀န်ရှိသူများ၊အလှူရှင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သူဇာသိမ့်နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ စုစုပေါင်းအင်အား (၁၀၀)ဦးခန့်တက်ရောက်လျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)