လမ်းမတော်မြို့နယ်၌ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၏ တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်ကို ယမန်နေ့ ညနေပိုင်းက အဆိုပါလမ်းမတော်မြို့နယ်ရှိ အနော်ရထာလမ်းမကြီးတစ်လျှောက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ပွဲတော်လာရောက် လည်ပတ်ကြသူ ပြည်သူများဖြင့် အထူးပင် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်ကို နိုဝင်ဘာ(၁)ရက်မှ နိုဝင်ဘာ (၅) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး လမ်းမတော်မြို့နယ်ရှိ အနော်ရထာလမ်းတလျှောက် ဝါးတန်းလမ်းထိပ်မှ လမ်းမတော်လမ်းထိပ်အထိ ဆိုင်ခန်းပေါင်း (၁၈၀) ကျော် ဖွင့်လှစ်ရောင်းချလျက်ရှိရာ ပွဲတော်လာပြည်သူများဖြင့် အထူးပင်ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိကြောင်း သိရသည်။

ကျော်ဆန်းမြင့်