ကြံခင်းမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မြို့မဈေးကြီးအတွင်း လိုက်လံစစ်ဆေး

ကြံခင်း နိုဝင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့မဈေးကြီးအတွင်း ပွင့်လင်းရာသီကာလ၌ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး တာဝန်ရှိသူများပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများ၊ မြို့မရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဖြန့်ဖြူးရေးဌာနမှ တာဝန်ရှိသူများက ဈေးကြီးအတွင်း ဈေးဆိုင်ခန်းများတွင် အရေးပေါ် မီးသတ်ဆေးဘူးများ အများမြင်သာသည့် နေရာတွင် ချိပ်ဆွဲထားရှိမှု ရှိ/မရှိ၊ ရေလှောင်ကန်များတွင် ရေအသင့်ရှိ/မရှိ၊ မီးချိပ်မီးကပ်၊ မီးဘေးအန္တရာယ်သတိပေး ပိုစတာစာတန်းများ အများမြင်သာသောနေရာများတွင် စနစ်တကျထားရှိမှု ရှိ/မရှိ၊ လျှပ်စစ်ဝါယာကြိုးကြောင့် မီးလောင်ကျွမ်းမှုမရှိစေရေး လိုက်လံစစ်ဆေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဈေးသူ၊ ဈေးသားများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)