မြောက်ဥက္ကလာပ နို၀င်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ အများပြည်သူများသို့ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်း သတ်မှတ်စုရပ်နေရာများတွင် ရောင်းချပေးခဲ့ကြသည်။
ထို့သို့ ရောင်းချပေးရာတွင် ကြက်ဥတစ်လုံး (၃၆၅) ကျပ်နှုန်းဖြင့် ကြက်ဥအလုံးရေ (၂၁၀၀၀) လုံးအား မြို့နယ်အတွင်းရှိ (က)ရပ်ကွက်၊ နွယ်သာကီလမ်း၊ (ဆ)ရပ်ကွက်၊ သုခမိန်လမ်း၊ (ရွှေပေါက်ကံ/၂၁ရပ်ကွက်) ပေါက်ကံလမ်း၊ (ည)ရပ်ကွက်၊ ခေမာကျောင်းလမ်း ရပ်ကွက်များအလိုက် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ကြက်ဥများ ရောင်းချပေးခြင်းကို စည်ပင်သာယာရေးအဖွဲ့မှ တာ၀န်ရှိသူများက ဈေးနှုန်းချိုသာစွာဖြင့် စနစ်တကျ ဖြန့်ဝေရောင်းချပေးရာ မြို့နယ်ဌာနဆိုင်ရာ တာ၀န်ရှိသူများကြီးကြပ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကို ဝိုင်း၀န်းကူညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)