မြောင်းမြမြို့တွင် ဌာနဆိုင်ရာနှင့် ပြည်သူများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်

မြောင်းမြ နိုဝင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ မြို့ရွာသန့်ရှင်းသာယာလှပစေရေး၊ ရောဂါပိုးမွှား ကင်းစင်စေရေးအတွက် အပတ်စဉ် စုပေါင်းသန့်ရှင်းရေးကို ယမန်နေ့နံနက် (၇) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးကို ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌမှ ဦးဆောင်၍ ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများစုပေါင်း၍ ပါဠိတာရုံကျောင်းတိုက်နှင့် ရပ်ကွက်/ကျေးရွာ အတွင်းရှိ စာသင်ကျောင်းများ၊ ဘုရားကျောင်းကန်စေတီပုထိုးများ၊ ဘုန်းကြီးကျောင်း၊ ဆေးရုံးအထင်ကရနေရာများ၊ လမ်းဆုံများ၊ လမ်းဘေး သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်း၊ ပေါင်းမြက်များရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ပြီး စည်ပင်သာယာရေးအဖွဲ့များက အမှိုက်သိမ်းကားများဖြင့် အမှိုက်များသယ်ယူ၍ စနစ်တကျစွန့်ပစ်ကြကြောင်း သိရသည်။

ဇေယျာ (မြောင်းမြ)