မော်လမြိုင်ကျွန်း နိုဝင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး အစိုးအရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့များသည် မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းငွေကျပ်(၁၅၀)သိန်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေကျပ် (၈၅)သိန်း၊ ပြည်သူထည့်ဝင်ငွေကျပ်(၂၀၀)သိန်းစုစုပေါင်းငွေကျပ်(၄၃၅)သိန်းနှင့် (အလျား ၄၀ ပေ၊ အနံ၂၀ပေ၊ အမြင့် ၁၂ပေ)တို့ဖြင့် ကျေးရွာကော်မတီမှ ဆောင်ရွက်သည့်(ရွှေအုန်းပင်) ကျေးရွာဘက်စုံသုံးခန်းမ ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီး ခန်းမအားကြည့်ရှုစစ်ဆေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မရဲ့အုန်းပင်စုကျေးရွာ စက်မှုလယ်ယာ စနစ်ကျ စံပြလယ်ယာမြေ ဧက(၁၀၀)ရှိ လယ်မြေ (၁၀) ဧကတွင် မိုးစပါးစံကွက်ရိတ်သိမ်းနေမှု အားကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ လယ်မြေ (၆) ဧက တွင် ၂၀၂၅-၂၀၂၆ခုနှစ်၊ နွေစပါး နယူးဧရာ-11 မျိုးစပါးအား မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စပါးစိုက်ပျိုးနေမှုအားလည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်း စိုက်ပျိုးလျက်ရှိသော ပေါ်ဆန်း(၁၁)မျိုးစမ်းသပ်ကွက်အားလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး စပါးစိုက်ပျိုးမှုလုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်ကြရန်၊ စပါးစိုက်ပျိုးမှုများကို ပင်ကြား၊ တန်းကြားမှန်မှန်ကန်ကန်နှင့် ကောက်ကွက် ပြည့်မီအောင် ဆောင်ရွက်သွားကြရန်၊ စိုက်ပျိုးရေး လုပ်ငန်းများကိုပန်းတိုင် ရည်မှန်း ချက်ပြည့်မီအောင် ဆောင်ရွက်သွားရန်တို့ကိုမှာကြားခဲ့သည်။ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မရဲ့အုန်းပင်စုကျေးရွာတွင်ပြုလုပ်သည့် ကော်ဖီပျိုးပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်၍ ဌာနဆိုင်ရာများ၊ ဒေသခံများနှင့်အတူကော်ဖီပျိုးပင်( ၃၀၀)ကို စိုက်ပျိုးပေးခဲ့ပြီးကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများ ရေရှည်တိုးတက် စိုက်ပျိုးနိုင်ရန်အတွက် ပိုမိုဖြစ်ထွန်းနိုင်သည့် မြေအမျိုးအစား၊ ရာသီဥတု ကိုက်ညီသည့်နေရာများတွင် ရွေးချယ် စိုက်ပျိုးနိုင်ရေး၊ ဖြစ်ထွန်းအောင်မြင်အောင်စိုက်ပျိုးနိုင်ရေးနှင့် တိုးချဲ့စိုက်ပျိုးနိုင်ရေး ကိစ္စရပ်များကို မှာကြားခဲ့ပြီးနောက် ၎င်းကျေးရွာရှိ အလယ်တန်းကျောင်းသို့သွားရောက်ကာ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း(Clean and Green School) ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ဆရာမများနှင့်တွေ့ဆုံ၍ တင်ပြချက်များအပေါ် သက်ဆိုင်ရာ ဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ဆရာ၊ ဆရာမများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ ကြောင်းသိရသည်။
ရဲကိုမောင် (ပြန်/ဆက်)