ဖျာပုံ နိုဝင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် (၃၃)ကြိမ်မြောက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် စေတနာရှင်ပြည်သူများ၏ စုပေါင်းမဟာဘုံကထိန် လှည့်လည်ပွဲကို နိုဝင်ဘာလ ၁ ရက်နေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အတွင်း လှည့်လည်ဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းမဟာဘုံကထိန်လှည့်လည်ပွဲတွင် ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးဇော်လွင်ဦး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှုးကြီး ကျော်မင်းယုနှင့်အဖွဲ့ဝင်များ၊ ဖျာပုံမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စေတနာရှင်ပြည်သူများသည် ဖျာပုံမြို့နယ်၊ ကျုံကဒွန်းကျေးရွာအုပ်စု သာသနာဦးဓမ္မရိပ်သာကျောင်းအား အမှူးထား၍ မြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းပေါင်း(၆၀)ကျော်ကို နိုဝင်ဘာလ (၂)ရက်နေ့တွင် စာရေးတံမဲဖောက်၍ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ပြီး ပစ္စည်းပဒေသာပင်၊ ငွေပဒေသာပင်များကို ယနေ့နံနက်(၁၀)နာရီအချိန်က ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးရှေ့သီရိမြိုင်လမ်းမှ ဒုတိယလမ်းတစ်လျှောက်၊ ဒုတိယလမ်းမှပထမလမ်း၊ ပထမလမ်းမှ ရတနသိဒ္ဓိသာသနာ့ဗိမ္မာန်သို့ စီတန်းလှည့်လည် ပို့ဆောင်ပေးခဲ့ကြပြီး ၂၀၂၅ ခုနှစ် နိုင်ဝင်ဘာလ ၂ ရက်နေ့တွင် နိုင်ငံတော်သြဝါဒစရိယဆရာတော်များ၊ ဗဟိုတိုင်း ဝန်ဆောင်ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်ကြီးများအား ပင့်ဖိတ်လျက်သင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့်ပဒေသာပင်များ စာရေးတံမဲဖောက် ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)