တွန်းဇံမြို့နယ် မွှာလ်ကွေးကျေးရွာတွင် မြေပြိုကျမှုကို ဖယ်ရှားရှင်းလင်းပြီးဖြစ်

တွန်းဇံ     ဩဂုတ်     ၄

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ မွှာလ်ကွေးကျေးရွာတွင်  ဩဂုတ်လ(၃)ရက်နေ့ ညမိုးရွာသွန်းမှုကြောင့် ယနေ့နံနက်(၄)နာရီ အချိန်ခန့်တွင် မြေပြိုကျမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း တွန်းဇံမြို့နယ် လမ်းဦးစီးဌာနမှ သိရသည်။

ကလေး-တီးတိန်-တွန်းဇံ-ကျီခါးသွားလမ်း တီးတိန်မြို့မှ ကီလိုမီတာ (၇၁)နှင့်(၇၂)ကြား တွန်းဇံမြို့နယ်၊ မွှာလ်ကွေးရွာတွင် ဩဂုတ်လ(၃)ရက်နေ့ ညမိုးရွာသွန်းမှုကြောင့် နေ့ နံနက်(၄)နာရီ အချိန်ခန့်တွင် အရှည်(၁၀၀)ပေ၊ အကျယ်(၂၈)ပေ၊ အမြင့်(၄၀)ပေရှိ မြေပြိုကျပြီး ကားလမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ မြေပြိုကျ၍ ကမ်းလမ်းပိတ်ဆို့နေမှုကို တွန်းဇံမြို့ လမ်းဦးစီးဌာနမှ ဦးချစ်ဦး (အငယ်တန်းအင်ဂျင်နီယာ-၂) ဦးဆောင်၍ JCP စက်ဖြင့် မြေစာများ ဖယ်ရှားရှင်းလင်းခြင်း ဆောင်ရွက်ပြီးဖြစ်သောကြောင့် မော်တော်ကားများ၊ မော်တော်ဆိုင်ကယ်များနှင့် ပြည်သူများ ပုံမှန်သွားလာနိုင်ပြီ ဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)