တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် (၇) ရက်သားသမီးများ၏ စုပေါင်းမဟာဘုံကထိန် အလှူတော် အခမ်းအနားကျင်းပ

တောင်ငူ နိုဝင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် (၇) ရက်သားသမီးများ၏ စုပေါင်းမဟာဘုံကထိန် အလှူတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မိုးကောင်းကျေးရွာအုပ်စု၊ အင်းဝိုင်းကျေးရွာရှိ ရွှေရတနာကျောင်းတွင် ကျင်းပသည်။

ဦးစွာ တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်နှင့် ဇနီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ခုနစ်ရက်သားသမီး အလှူရှင်များက ဘုရားရှိခိုးကန်တော့ပြီး မြို့နယ်​အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်နှင့်ဇနီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခုနစ်ရက် သား သမီး အလှူရှင်များက သံဃာတော် အရှင်မြတ်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ရွှေရတနာကျောင်းတိုက်ဆရာတော် (မိုဘိုင်းဓမ္မစကူးလ်ဆရာတော်) ဘဒ္ဒန္တ ကုမုဒ ထံမှ ကုသိုလ်ဘာကြောင့်ပြုရတယ် တရားတော်ကို နာယူကြည်ညိုကြပြီး ရေစက်သွန်းချ အမျှပေးဝေကာ သံဃာတော်အရှင်မြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)