ဒေးဒရဲ နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်တွင် အခြားတိုင်းဒေသကြီး/ ပြည်နယ်များက အကြမ်းဖက်ဖြစ်စဉ်များကြောင့် မြို့နယ်အတွင်းသို့ ပြောင်းရွေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆန်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများပေးအပ်ခြင်းကို ယနေ့နေ့လယ် ၁၂ နာရီက ချောင်းဖျားကျေးရွာ မဟာဗောဓျာရာမဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးကျော်က ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်နှင့် မိသားစုသုံးပစ္စည်းများပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးကျော်နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စု(၂၆)စုအား အိမ်ထောင်စုတစ်စုလျှင်ဆန်နှစ်အိတ်၊ မိသားစုတစ်ကိုယ်ရေသုံးပစ္စည်းများအား လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး လိုအပ်ချက်များအား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း