ငရုတ်ကောင်းမြို့တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

ငရုတ်ကောင်း အောက်တိုဘာ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ငရုတ်ကောင်းမြို့မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အတွင်းရှိ တာဝန်ရှိသူများက အမှတ်(၁)ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ကြပြီး ရပ်ကွက်နေပြည်သူများအား မီးဘေး အန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)