အိမ်မဲမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်း လုပ်ငန်းများနှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးပွဲကျင်းပ

အိမ်မဲ အောက်တိုဘာ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်း လုပ်ငန်းများနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်ကကျင်းပခဲ့သည်။

အခမ်းအနားတွင် တက်ရောက်လာကြသည့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြသည်။ထို့နောက် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးလှမိုးက အဖွင့်အမှာစကားများကိုလည်းကောင်း၊ မြောင်းမြခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးနိုင်ဝင်းစိုးက ရွေးကောက်ပွဲ ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်လည်းကောင်း အသီးသီးအကျယ်တဝင့် ပြောကြားခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာသော ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများ ကသိရှိလိုသည်များကိုတင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ မြောင်းမြ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ခရိုင်ရွေးကောက်ပွဲအရာရှိနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေး ခဲ့ကြောင်းသိရသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)