သံဖြူဇရပ် အောက်တိုဘာ ၃၁
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ စက်ရုံအလုပ်ရုံများ မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက မော်လမြိုင်ရေးကားလမ်းပေါ်ရှိ ဝဲကလိကျေးရွာ မြန်မာ့စိန်လင်းသစ်ခွဲသားစက်ရုံအား သွားရောက်စစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးမြင့်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ထွေးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းစသည့် မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဖြင့် သွားရောက်၍ ဝဲကလိကျေးရွာရှိ မြန်မာ့စိန်လင်းသစ်ခွဲသားစက်ရုံ၏ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရေး ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်ရုံအတွင်းရှိဘွိုင်လာများ၊ မီးသတ်ဆေးဘူးများ၊ လျှပ်စစ်မီးကြိုးများသွယ်တန်းထားရှိမှု၊ ရေသိုလှောင်ထားရှိမှု၊ မီးသတ်ပန့် နှင့်တပ်ဆင်ထားသည့် Hydrants ငုတ်များ ရေထွက်အားကောင်း/ မကောင်း၊ စက်ယန္တရားများ တပ်ဆင်ထားရှိမှုနှင့် စွန့်ပစ်ပစ္စည်းများစနစ်တကျထားရှိရေးတို့ကို လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြပြီး လိုအပ်သည်များကို အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)