ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်မှုရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီးအားကစားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားတက်ရောက်

ပုသိမ် အောက်တိုဘာ ၃၁

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်မှုရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီးအားကစားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်‌၍ ဆုများချီးမြှင့်ခဲ့သည်။

ဉီးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိခဲ့သည့် အားကစားသမားများ၏ ပါဝင်ယှဉ်ပြိုင်ခဲ့မှု Video Clip ပြသမှုနှင့် ဆုရကာယဗလအဖွဲ့များမှ ပြန်လည်သရုပ်ပြသခြင်းများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် တိုင်းဒေသကြီးနှင့်ပြည်နယ်ဘိလိယက်နှင့် စနူကာပြိုင်ပွဲမှ ရရှိခဲ့သည့် တံခွန်စိုက်ဆုဖလားအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံသို့ ဆုဖလားအပ်နှံခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ကယနေ့အခမ်းအနားသည် ဂုဏ်ပြုထိုက်သူများကို ဂုဏ်ပြုခြင်းနှင့် တိုင်းဒေသကြီး၏ အောင်ပွဲလည်းဖြစ်ပါကြောင်း၊ ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲစတင်ဖွင့်လှစ်သည့် ပွဲဦးထွက်လှေလှော်ပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်နှင့် စုပေါင်းတံခွန်စိုက်ဆုဖလား၊ အသက်(၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဆုဖလား၊ ဘိလိယက်နှင့်စနူကာပြိုင်ပွဲတွင် စုပေါင်းတံခွန်စိုက်ဆုဖလားများ အသီးသီးဆွတ်ခူးရရှိခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျင်းပပြုလုပ်သည့် အားကစားနည်း (၁၅)နည်းတွင် အားလုံးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် (၂၁)ခု၊ ငွေတံဆိပ် (၂၁)ခု၊ ကြေးတံဆိပ်(၃၁)ခုဖြင့် ဒုတိယနေရာ၌ ရပ်တည်နိုင်ခဲ့ပါကြောင်း၊ မျှော်မှန်းထားသည့် ဆုတံဆိပ်နဲ့ဆုဖလားများ ရရှိအောင် အစွမ်းကုန် ကြိုးစားပေးကြသည့် အားကစားအသင်းအဖွဲ့များ အားလုံးအား မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း၊ ထိုကဲ့သို့ အောင်မြင်မှုတွေရရှိခဲ့တဲ့ အားကစားအသင်းများမှ အုပ်ချုပ်/နည်းပြ အားကစားသမားများက တိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားခဲ့ကြသကဲ့သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည့်ပံ့ပိုးမှုများ ရရှိအောင် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အားကစားသမားများအနေဖြင့် တိုင်းဒေသကြီး၏ ဂုဏ်ဆောင်နိုင်ခဲ့ ကြသကဲ့သို့ လာမဲ့နှစ်တွင်ကျင်းပပြုလုပ်မည့် ပြိုင်ပွဲများအတွက် မိမိတို့ရဲ့ ဇွဲ၊ လုံ့လ၊ ကြိုးပမ်းအားထုတ် လေ့ကျင့်မှု၊ စည်းကမ်း လိုက်နာမှု၊ အနိုင်မခံအရှုံးမပေးသည့် စိတ်ဓါတ်များဖြင့် ပေါင်းစပ်ပြီး ယခုထက်ပိုမို အောင်မြင်ရေးအတွက် ကြိုးစားကြရန်လိုပါကြောင်း၊ မျှော်မှန်းထားသည့် အောင်မြင်မှု ဆုတံဆိပ်များနဲ့ ဆုဖလားများရရှိအောင် ဆောင်ရွက်ပေးကြသည့် တိုင်းဒေသကြီး အားကစား အသင်းများမှ အုပ်ချုပ်/နည်းပြ၊ အားကစားသမားများ အားလုံးကို မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း၊ ဆက်လက်ပြီး တိုင်းဒေသကြီး ဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် ကြိုးစားသွားကြရန်နှင့် အားကစားအဆင့်အတန်း ပိုမိုမြင့်မားအောင် ဝိုင်းဝန်းကြိုးပမ်း ကြစေလိုကြောင်း" ဂုဏ်ပြုအမှာစကားပြောကြားသည်။

ဆက်လက်၍ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ၇၀ ကီလိုတန်း ရွှေ(၁)ခု၊ ဘိလိယက်နှင့်စနူကာပြိုင်ပွဲတွင် ဘိလိယက်တစ်ဦးချင်း ရွှေ(၁)ခုနှင့် ဘိလိယက်နှစ်ယောက်တွဲ ရွှေ(၁)ခု၊ ဘိလိယက်နှင့်စနူကာပြိုင်ပွဲတွင် ဘိလိယက်နှစ်ယောက်တွဲပြိုင်ပွဲ ရွှေ(၁)ခု၊ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ၇၅ ကီလိုတန်းတွင် ငွေ(၁)ခု၊ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ၇၅ ကီလိုတန်းတွင် ငွေ(၁)ခု၊ ဘိလိယက်နှင့်စနူကာပြိုင်ပွဲတွင် စနူကာ(၆)လုံးတစ်ဦးချင်း ငွေ(၁)ခုနှင့် စနူကာ (၆)လုံး နှစ်ယောက်တွဲ ပြိုင်ပွဲ ကြေး(၁)ခု၊ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် အသက်၂၁ နှစ်အောက် ကြေး(၁)ခု၊ဘိလိယက်နှင့်စနူကာပြိုင်ပွဲတွင် စနူကာ(၆)လုံးတစ်ဦးချင်း ကြေး(၁)ခုနှင့် စနူကာ(၆)လုံး နှစ်ယောက်တွဲ ကြေး(၁)ခု ဆုရရှိသူများ၊ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အုပ်ချုပ်/နည်းပြများ၊ ဘိလိယက်နှင့်စနူကာ အုပ်ချုပ်/နည်းပြများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်များရရှိခဲ့သည့် လှေလှော်၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ U-18 ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ မြန်မာ့သိုင်း၊ တင်းနစ်၊ ကာယဗလနှင့်ကြံ့ခိုင်မှု၊ ဘိလိယက်နှင့်စနူကာ၊ U-25 ဘောလုံး(အမျိုးသမီး) အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကလည်းကောင်း၊ တင်းနစ်(မ)အလွတ်တန်း တစ်ဦးချင်းပြိုင်ပွဲတွင် ကြေး(၁)ခု၊ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် Model Physiqueပြိုင်ပွဲတွင်ကြေး(၁)ခု၊ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် တတိယဆု ကြေးတံဆိပ်ဆုရရှိခဲ့သည့်အသင်း၊ အမျိုးသမီးဘောလုံးအသင်း အုပ်ချုပ်/နည်းပြများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အေရိုးဗစ်၊ ခြင်းလုံး၊ U-18 ဘောလုံး(အမျိုးသား)၊ ဘော်လီဘော နှင့် ဖူဆယ်အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း ချီးမြှင့်ခဲ့ကြပြီးနောက် ဧရာဝတီတိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာအသင်း အုပ်ချုပ်သူက ကျေးဇူးတင်စကားပြောကြားခဲ့ကာ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြပြီးနောက် အုပ်ချုပ်/နည်းပြ၊ အားကစားသမားများအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)