မြန်အောင် အောက်တိုဘာ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ Htet Myanmar Land Co.ltd နှင့် စိန်သီဟစိုက်ပျိုးရေးဆေးဆိုင်တို့ပူးပေါင်းဆောင်ရွက်သည့် ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲနှင့် စိုက်ပျိုးရေးသုံးဆေးဝါးများမိတ်ဆက်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်က မြန်အောင်မြို့ အောင်ဇေယျခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြန်အောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် မြို့နယ်စီမံကိန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းစိုးဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြိုနယ်ဦးစီးမှူး ဦးဇော်လင်းက သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် နည်းပညာပေးဆွေးနွေးပြောကြားသည်။
ဆက်လက်၍ Htet Myanmar Land Co.ltd မန်နေဂျင်းဒါရိုက်တာ ဦးထက်ညီလင်းက စိုက်ပျိုးရေးသုံးဆေးဝါးများမိတ်ဆက်ခြင်းနှင့် Golden Sun ကုမ္ပဏီမှတာဝန်ခံ ဦးစည်သူမြင့်က သီးနှံများအလိုက်ကျရောက်တတ်သော ပိုးမွှားများအကြောင်း အသိပညာပေးဆွေးနွေးပြောကြားပြီး စိန်သီဟစိုက်ပျိုးရေးဆေးဆိုင်မှ ဦးပြည့်သာထွန်းက မတ်ပဲပင်သေ၊ ပင်ညှိုးရောဂါအကြောင်း အသိပညာပေးဆွေးနွေးပြောကြား၍အခမ်းအနားသို့ တက်ရောက်ကြသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တောင်သူများအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဝင်းဗိုလ် (ပြန်/ဆက်)မြန်အောင်