ကျိုင်းတုံမြို့၌  (၅၃)ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းမဟာ ဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

ကျိုင်းတုံ အောက်တိုဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌  (၅၃)ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို  အောက်တိုဘာ ၂၉ ရက် နံနက် ၉ နာရီခွဲက သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။

ရှေးဦးစွာ  ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ)ဥက္ကဋ္ဌ ဦးတင်လင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးနိုးဝေ၊ မြို့နယ်ဥက္ကဋ္ဌ ဦးစောမင်းသူ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်နေပြည်သူများနှင့် အလှူရှင်မိသားစုများက သံဃာတော်အရှင်သူမြတ်များထံမှ  ငါးပါးသီလခံယူဆောက်တည်ကာ ပရိတ်တရားတော်များ နာယူကြပြီးကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

အဆိုပါ (၅၃)ကြိမ်မြောက် မြို့လုံးကျွတ်စုပေါင်းမဟာဘုံကထိန်တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်များနှင့် အလှူရှင်များ စုပေါင်းလှူဒါန်းသည့် ပဒေသာပင် ၁၃၆ ခု စုစုပေါင်းတန်ဖိုးငွေကျပ် ၉၇၇၄၂၄၀၀ ကို ကျိုင်းတုံမြို့ သာသနာ့ဗိမာန်တော်ကြီး‌ရှေ့စုရပ်မှ မော်တော်ယာဉ်များ၊ အိုးစည်ဗုံမောင်းများ၊ တိုင်းရင်းသားရိုး ရာအဖွဲ့များက မြို့တွင်း လမ်းတစ်လျှေက် စည်ကားသိုက်မြိုက်စွာ လှည့်လည်ပူဇော်ခံခဲ့ကြပြီး အဆိုပါ ပဒေသာပင် များအား မြို့နယ်အတွင်းရှိ ဘုန်း‌တော်ကြီးကျောင်းများသို့ မဲချလှူဒါန်းပို့ဆောင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)