အောင်လံ အောက်တိုဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ ပြည်ပပို့ကုန်သီးနှံထုတ်ကုန် များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးနည်း ပညာပေး ဆွေးနွေးပွဲကို မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ ယမန်နေ့နံနက် ၉ နာရီက အောင်လံမြို့ တရော်ကုန်းရပ်ကွက် အောင်မြေရွှေဝါခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အောင်လံခရိုင်၊ သရက်ခရိုင်တို့မှ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပိုးသတ်ဆေးကုမ္ပဏီဝန်ထမ်းများ၊ ပိုးသတ်ဆေးရောင်းချသူလုပ်ငန်းရှင်များ နှင့်တောင်သူများတက်ရောက်ခဲ့သည်။
ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်းက အဖွင့်အမှာစ ကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်) သီးနှံကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဇော်လင်းက စိုက်ပျိုးရေးထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေးနှင့်ပြည်တွင်း စားသုံးသူများ အစားအစာဘေးကင်းလုံခြုံမှုရှိရေးသည် အရေးကြီးကြောင်း၊ စိုက်ပျိုးသီးနှံများ၏ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ထွက်ရှိလာသောသီးနှံထုတ် ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်းရေးသည်လည်း အရေးကြီးပါကြောင်း၊ ဝန်ထမ်း များ၊ သီးနှံစိုက်တောင်သူများ၊ ပိုးသတ်ဆေးအရောင်းဆိုင်များ၊ ဝယ်ယူကြိတ်ခွဲ သိုလှောင်ရောင်း ချသူများ၊ စိုက်ပျိုးရေးထွက်ကုန်များကို တင်ပို့ရောင်းချနေသူများ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိ သူများ အတူတကွပူးပေါင်းဆောင်ရွက်ပါက ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်သောသီးနှံများကို ထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာ ပညာရှင်များမှ သီးနှံထွက်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေးအတွက် ပိုးသတ်ဆေးသုံးစွဲရာတွင် စနစ်တကျသုံးစွဲရေးနှင့် ဘက်စုံသီးနှံကာ ကွယ်ရေးနည်းစနစ်များအား ကျင့်သုံးဆောင် ရွက်နိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအ တွက် မျိုးကောင်းမျိုးသန့်များ အသုံးပြုရေး၊ မြေဆီလွှာအဟာရဓာတ်များ ဖြည့်သွင်းပေးရေး၊ သဘာဝမြေဩဇာနှင့် သစ်စိမ်းမြေဩဇာများ ထည့်သွင်းအသုံးပြုရေးဓာတ်မြေဩဇာစနစ်တကျ အချိန်ကိုက်အချိုးကျ သုံးစွဲရေး အကြောင်းများကို ပညာပေးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာ သူများက သိရှိလို သည့်မေးမြန်းချက်များကို တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဖြေကြားပြီး ပညာပေးစာအုပ်နှင့် စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)