ဖောင်းပြင် အောက်တိုဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၌ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့နယ်ပညာရေးမှူးဖလား အလယ်တန်းအဆင့် ကျောင်းပေါင်းစုံ အမျိုးသမီးဘောလုံးအားကစား ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၄ ရက်နေ့ နေ့လယ် ၂နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
ဦးစွာ ဘင်ခရာအဖွဲ့၊ အားကစားသမားများနှင့် အခမ်းအနားသို့တက်ရောက်လာသူတို့က နိုင်ငံတော်အလံအားအလေးပြုကြပြီး အားကစားသမားများက အားကစားသစ္စာအဓိဌာန်အား ရွတ်ဆိုကြသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးဝင်းညွန့်ကဘောလုံးအားကစားပြိုင်ပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားကာ အဖွင့်ပွဲစဉ်အဖြစ် ဘောလုံးအားကစား ပြိုင်ပွဲကိုစတင်ခဲ့ပြီး မူလွန်-ကျွန်းရွှေဝါအသင်းနှင့် အလက-ကုန်းအောက်တောင်း ဘောလုံး အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။
အဆိုပါ ဘောလုံးအားကစားပြိုင်ပွဲတွင် ကျောင်းပေါင်းစုံ အလယ်တန်းအဆင့်ကျောင်းသူအသင်း ၈ သင်း ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဆုချီးမြှင့်ခြင်းအခမ်းအနားကို ၁၄-၁၁-၂၀၂၅ ရက်နေ့တွင် ကျရောက်မည့် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့၌ ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)