ရေနံချောင်းမြို့၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနား ကျင်းပ

ရေနံချောင်း အောက်တိုဘာ ၂၉

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့က ရေနံချောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း(တွင်းကုန်း)၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက အမှာစကားပြောကြားသည်။  ဆက်လက်၍ အမြဲမပြတ်လေ့လာသင်ယူရေး(Never Stop Learning Talk Show) စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသားကျောင်းသူများနှင့် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသည့်ကျောင်းသားကျောင်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆု၊ ဂုဏ်ပြု လက်​ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့်တာဝန်ရှိသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့်အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ အခမ်းအနားကို အောက်တိုဘာ ၂၇ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့ပြီး အမြဲမပြတ်လေ့လာသင်ယူရေး(Never Stop Learning Talk Show) စကားဝိုင်းတွင် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးကို ဖော်ကျုးထားသည့် စာရေးဆရာတက္ကသိုလ်ဘုန်းနိုင် ရေးသားသည့်   “သူ့ကျွန်မခံပြီ"ဝတ္ထုကို  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က ဦးဆောင်ဆွေးနွေးသူဆောင်ရွက်ပြီး အ.ထ.က(တွင်းကုန်း)ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးဦးတို့က ပါဝင်ဆွေးနွေးခဲ့ကာ အခြေခံပညာ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင်  ကျောင်းသားကျောင်းသူငါးဦးတို့က "ပျားကိုပုံတုစာပေစု စာကြည့်တိုက်ကိုဗဟိုပြု" " လူမှုဘဝမြင့်မားဖို့ စာဖတ်ရှိန်မြှင့်တင်စို့" ခေါင်းစဉ်နှစ်ခုဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ 

မြို့နယ်ပြန်/ဆက်