ကန့်ဘလူ အောက်တိုဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် မီးဘေးလုံခြုံရေးအတွက် အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၇ ရက်မွန်းလွဲပိုင်းက ကန့်ဘလူမြို့ အမှတ် (၃) ရပ်ကွက်ရှိ ဆန်စက်၊ ဆီစက်များ၌ မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန လက်ထောက်ဦးစီးမှူးဦးညီညီ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ဆန်စက်၊ ဆီစက်များတွင် မီးဘေးကာကွယ်တားဆီး နိုင်ရေးအတွက် လိုက်နာရမည့်အချက်များ၊ မီးသုံးစွဲမှုအခြေအနေများ၊ ဆန်စက်၊ ဆီစက်များ အတွင်း လျှပ်စစ်သွယ်တန်း အသုံးပြုမှုအခြေအနေများ၊ မီးဘေးတားဆီးကာကွယ်ရေး သုံးပစ္စည်းများထားသိုသုံးစွဲမှုအခြေအနေများ၊ မီးငြှိမ်းသတ်ရေကန်၊ မီးချတ်၊မီးကပ်၊ ရေတဘက်၊ သဲ၊ မီးသတ်ဆေးဘူး စသည့်ပစ္စည်းများ ထားရှိမှုအခြေအနေများ၊ မီးလောင်ပါက တည်ငြိမ်စွာ ဆောင်ရွက်ရမည့်နည်းလမ်းများကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)