ပလောက် အောက်တိုဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးခြင်းဆိုင်ရာများအသိပညာပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပလောက်မြို့၊ ရွှေသီလာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ပုလောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦး နေဝင်းကအဖွင့်အမှာစကားပြောကြားပြီး၊ ပလောက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်ကမဲဆန္ဒရှင် ပြည်သူများအနေဖြင့် မြန်မာအီလက်ထရော နစ် (MEVM) မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးရည်ရွယ်၍ အသိပညာပေးဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၊ ရွေးကောက်ပွဲအရာရှိ ဦးကျော်လွင်က မြန်မာ အီလက်ထရောနစ် (MEVM) စနစ်ဖြင့်အသုံးပြု၍ မဲပေးရခြင်း၏ ရည်ရွယ်ချက်၊ မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပါဝင်သည့် ဆက်စပ်ပစ္စည်းများ၊ မဲပေးစက်များကို ကိုင်တွယ်အသုံးပြုခြင်း၊ မဲရလဒ်များ၊ မဲပေးစက် အသုံးပြုခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများမှ မဲဆန္ဒရှင် ပြည်သူများက မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အသုံးပြု၍ မဲပေးခြင်း၊ မဲရလဒ်များ ထုတ်ယူကြည့်ရှုစစ်ဆေးခြင်းစသည့် မဲပေးပုံအဆင့်ဆင့်ကို ပြည်သူ များ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရန် လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)