လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မလစ်အနောက်၌ ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လှည်းကူး အောက်တိုဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှုအဖြစ် မြို့နယ်ကုသရေးဦးစီးဌာနမှ သွားဘက်ဆိုင်ရာ ဆရာဝန်၊မြို့နယ်ကျောင်းကျန်းမာရေးဌာနမှ THN တို့ ဦးဆောင်သောအဖွဲ့နှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက်ပိုင်းကအခြေခံပညာအထက်တန်းကျောင်း(ခွဲ)မလစ်အနောက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်း၍ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင်  မြို့နယ်ကုသရေးဌာနမှ သွားဘက်ဆိုင်ရာ ဆရာဝန် ဒေါက်တာတင်နိုင်နှင့် ကျောင်းကျန်းမာရေးအဖွဲ့မှ ကျန်းမာရေးမှူး ဒေါ်ကြည်ကြည်လွင်နှင့် အဖွဲ့သည် ကျောင်းသား/သူများအားသွားနှင့်ခံတွင်းစစ်ဆေးခြင်း၊ အထွေထွေကျန်းမာရေးစစ်ဆေးပေးခြင်း၊ စနစ်တကျသွားတိုက်နည်းကို သရုပ်ပြလေ့ကျင့် သင်ကြားပေးခြင်း၊ သန့်လေးသန့်၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဆေးလိပ်သောက်ခြင်းအန္တရာယ်အကြောင်း၊ သွားနှင့်ခံတွင်းသွေးလွန်တုပ်ကွေးရောဂါနှင့် အကြောင်းတို့ကို ကျန်းမာ ရေးအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျောင်းသား/ သူ (၈၂) ဦးအား သွားကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ (ဦးအား သွားပိုးပေါက်ဖာခြင်း၊ (၂၁)ဦးအား သွားနှုတ်ပေးခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့(လှည်းကူး)