ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်

ဒဂုံတောင် အောက်တိုဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ‌ ဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ပြင်ပစာပေဗဟုသုတများဖတ်ရှုပြီး အသိပညာဗဟုသုတတိုးပွားစေရေး ရည်ရွယ်ကာ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု နယ်လှည့်စာကြည့်တိုက် အသိပညာပေး ဟောပြောပွဲ၊ အားကစားပြိုင်ပွဲ၊ စာအုပ်ပြပွဲ နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက် ၁၀ နာရီက ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အမှတ်(၂၈)အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင်  အမှတ်(၂၈)အခြေခံပညာမူလတန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ‌ဦးကျော်သန်းက အဖွင့်အမှာစကားပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန  ဒုတိယဦးစီးမှူး ဒေါ်သန်းသန်း‌အေးက နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူးများအ‌ကြောင်း အသိပညာပေးဟောပြောပြီး မြို့နယ် စာရေးဆရာအသင်းအတွင်းရေးမှူး စာရေးဆရာ သက်ဝေမောင်က စာဘာကြောင့်ဖတ်ရသလဲ ခေါင်းစဉ်ဖြင့် ဖတ်သင့်သောစာပေ၊ မဖတ်သင့်သောစာပေနှင့်အရွယ်အလိုက် ဖတ်သင့်သောစာပေ အကြောင်းအရာများကို အကျယ်တဝင့် ဟောပြောဆွေးနွေးသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများ ကိုယ်စိတ်ကျန်းမာ‌ပျော်ရွှင်‌စေရေးဂိမ်းကစားနည်းပြိုင်ပွဲများ ကျင်းပပေးရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား လက်ဆောင်ပစ္စည်းများပေးအပ်ကြောင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံ‌ရေးဦးစီးဌာနက ခင်းကျင်းပြသထား‌သော မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်၊ စာစောင်များကို တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

နေမျိုးအောင်(ဓာတ်ပုံ-၂/ပြ)