တန့်ယန်းမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၇/၂၀၂၅) ကျင်းပ

တန့်ယန်း အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာဖြင့်ကျင်းပနိုင်ရန် ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၇ / ၂၀၂၅)ကို ယမန်နေ့နံနက် ၉ နာရီခွဲက ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက အမှာစကားပြောကြားပြီး ခရိုင်အဆင့် တာဝန်ရှိဌာနဆိုင်ရာများ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းနှင့် တာဝန်ရှိဌာနဆိုင်ရာအကြီးအကဲများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။

ယင်းနောက် မိုင်းရယ်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းအောင်က Video Conferencing ဖြင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြကာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက တန့်ယန်းမြို့နယ်၊ မိုင်းရယ်မြို့နယ်တို့၏လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်း၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)