ကျိုင်းတုံ အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများတွေ့ဆုံပွဲကို အောက်တိုဘာ ၂၇ ရက်က ခေမာရဌ်ရိပ်သာ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ဦးစွာ ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်းနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများက ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးတင်ပြရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)