ဟိုပုံး အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ရှမ်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှနောင်တောင်းပရဟိတဘုန်းတော်ကြီးကျောင်းသို့ ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က နောင်တောင်း ပရဟိတ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ ရှမ်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးပပနှင့်အဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးအောင်နှင့်အဖွဲ့ဝင်များက နောင်တောင်းပရဟိတဘုန်းတော်ကြီးကျောင်း ဆရာတော်ဘဒ္ဒန္တရာဇိန္ဒသိရီအား ဩကာသကန်တော့ကျိုးဖြင့် ရှိခိုးကန်တော့၍ ဆရာတော်ထံမှ ငါးပါးသီလနှင့် ပရိတ်တရားတော်များကို နာယူကြသည်။ ထို့နောက် ရှမ်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးပပနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးအောင်တို့သည် နောင်တောင်းပရဟိတဘုန်းတော်ကြီးကျောင်းဆရာတော်အားအလှူငွေကျပ်(၅)သိန်း၊ ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်းသိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)