‎ပင်းတယမြို့၌ “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” ကျင်းပပြုလုပ်နိုင်ရေး(ဒုတိယ)အကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်

ပင်းတယ အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ) Community Centre ခန်းမတွင် အောက်တိုဘာ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက ပင်းတယမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(ကြိုသက်)တွင် “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်”ကျင်းပပြုလုပ်နိုင်ရေးအတွက် (ဒုတိယ) အကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ ပင်းတယမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိန်လင်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ကြူကြူလှိုင်မှ စာဖတ်ရှိန်ပွဲတော်ကျင်းပပြုလုပ်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပေးကာ အစည်းအဝေးသို့တက်ရောက်လာကြသည့် ပညာရေးဌာနမှတာဝန်ရှိသူများ၊ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမကြီးများမှ အဆိုပါစာဖတ်ရှိန်ပွဲတော်တွင် ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ လိုအပ်သည်များကို တင်ပြကြရာတာဝန်ရှိသူများကပြန်လည်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင်  (ထက်၊လယ်၊ဆင့်)   စာစီစာကုန်းပြိုင်ပွဲ၊ ကဗျာရွတ်၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ကျပန်းစကားပြောပြိုင်ပွဲ၊ စာပေဟောပြောပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ စာအုပ်ပြပွဲ၊ စာအုပ်ဈေးရောင်းပွဲတော်၊ ဓါတ်ပုံပြပွဲအစရှိသည့် ပြိုင်ပွဲ၊ ပြပွဲများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုယ်ကာယ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်အတွက်ကာယပြိုင်များကိုလည်း ထည့်သွင်းဆောင်ရွက်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရပြီး ၎င်းပွဲတော်အား နိုဝင်ဘာလတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)