စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဉာဏစွမ်းရည်ပြိုင်ပွဲများ မြစ်ကြီးနားမြို့၌ ကျင်းပ

မြစ်ကြီးနား     အောက်တိုဘာ   ၂၇

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ် သည့် ကျပန်း၊ ပုံပြင်ပြောနှင့် စာစီစာကုံးပြိုင်ပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြု ဗဟိုဌာန (Community Centre) ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်သက်မွန်က ပြိုင်ပွဲများကျင်းပပေးရသည့် ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ ကို ရှင်းလင်းပြောကြားပြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးနှင့် စပ်လျဉ်းသည့် ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများအား ကျင်းပခဲ့ သည်။ 

အဆိုပါ ပြိုင်ပွဲများတွင် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်း၊ အလယ် တန်းနှင့် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရ သည်။

ခရိုင်(ပြန်/ဆက်)