ကျွန်းစု အောက်တိုဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ယခုနှစ်မိုးရွာသီအတွင်း စိုက်ပျိုးခဲ့သော မောင်းလှော်ကျေးရွာရှိ ကွင်းအမှတ်(၃၀၈/၆၉၀)၊ ဦးပိုင်အမှတ် (၇၉/၃) တောင်သူ ဦးမြင့်အောင်၏ မိုးစပါးစိုက်ဧက (၄)ဧကအား အောက်တိုဘာလ ၂၆ ရက်နေ့ ညနေပိုင်းက မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
ရိတ်သိမ်းရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမိုးအောင်နှင့် ဝန်ထမ်းများ၊ မောင်းလှော်ကျေးရွာအုပ်ချုပ်ရေးမှူး၊ အကျိုးဆောင် တောင်သူများနှင့်အတူ အောင်နိုင်တိုးစပါးမျိုး စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် အစိုဓာတ် (၁၇.၄)%ဖြစ်ပြီး အထွက်နှုန်းမှာ (၁၀၉)တင်း ထွက်ရှိခဲ့သည်။
ကျွန်းစုမြို့နယ်တွင် ယခုနှစ် မိုးစပါးရာသီ၌ မိုးစပါးစိုက်ဧက (၁၃၀၁၉)ဧက စိုက်ပျိုးထားရှိရာ တစ်ဧကအထွက်နှုန်း မှန်ကန်စွာရရှိနိုင်ရေး ကောင်း၊ သင့်၊ ညံ့ ကိုယ်စားပြုအလွှာလိုက်ခွဲခြားပြုစု၍ ကွင်းအလိုက်၊ မျိုးကွဲအလိုက်၊ ရေသောက်နည်းလမ်းအလိုက် အဆိုပါကျေးရွာရှိ စံကွက်များအား ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထက်မြင့်(ကျွန်းစု)