ကံမမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ချိုသာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေး

ကံမ အောက်တိုဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ယနေ့နံနက်(၁၀) နာရီက အငြိမ်းစားဝန်ထမ်းများအတွက် ရွှေတိုးဆီအရောင်းဆိုင်က စားအုန်းဆီများ ချိုသာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်တို့မှ တာဝန်ခံအရာရှိနှင့်ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ စားအုန်းဆီများကို ချိုသာသောဈေးနှုန်းဖြင့်ရောင်းချရာတွင် အငြိမ်းစားဝန်ထမ်းတစ်ဦးလျှင် စားအုန်းဆီ(၅၀)ကျပ်သားအား တစ်ပိဿာဈေးနှုန်း (၇၅၂၅)ကျပ်ဖြင့် ဆီပိဿာချိန် (၂၂၀)ကို ရောင်းချပေးခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

ကျော်ဇေယျဝင်း (ကံမ)