ငဖဲ အောက်တိုဘာ ၂၀
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာချက်များကို ယနေ့ နံနက်ပိုင်းက စတင်ကပ်ထားကြေညာထားရှိကြောင်း သိရသည်။
အဆိုပါလွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာချက်များကို သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ခြင်းကိုဆောင်ရွက်ခဲ့ပြီး စိစစ်လက်ခံအတည်ပြုထားသော သက်ဆိုင်ရာလွှတ်တော်မဲဆန္ဒနယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာချက်ပုံစံ(၁၀)၊ ပုံစံ(၁၀-က)၊ ပုံစံ(၁၀-ခ)များအား မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာထားရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မယု(ငဖဲ)