မိုင်းရယ် အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အခြေခံပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အခြေခံပညာအလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်စွမ်းရည် မြို့နယ်အဆင့်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။
အဆိုပါပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြင့်မားလာစေရေးနှင့် စဉ်ဆက်မပြတ် လေ့လာသင်ယူစေရေးအတွက်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ Grade-5 မှ Grade-9 အထိ အင်္ဂလိပ်စာဘာသာရပ်စွမ်းရည်ပြိုင်ပွဲတွင် ၃၅ ဦး၊ သင်္ချာဘာသာရပ်စွမ်းရည်ပြိုင်ပွဲတွင် ၈၈ ဦး စုစုပေါင်း အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၂၃ ဦးတို့က ဖြဆိုယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)