ရပ်စောက် အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအခြေပြုဆုံဆို့၊မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်တွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ခန်းမဆောင်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ရာတွင် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းများ ပြုလုပ်၍ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များနှင့် ကျောင်းဆရာ /ဆရာမများမှ အားဖြည့်ကူညီဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်ရှိအခြေခံပညာကျောင်းများ၌ အသက် (၅) နှစ်ပြည့်ပြီး (၇)နှစ်မကျော်သော KG ကျောင်းသား၊ ကျောင်းသူ (၂၈၇၀) ဦးအား ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးနှင့် အသက် (၉) နှစ်ပြည့်ပြီး (၁၀) နှစ်မကျော်သောကျောင်းသူ (၁၂၈၇) ဦးအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်