ကျိုင်းတုံ အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရွှေဆိုင်လုပ်ငန်းရှင်များအား အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို အောက်တိုဘာ ၁၆ ရက်က မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာန ကျင်းပသည်။
ရှင်းလင်းဆွေးနွေးပွဲတွင် ကျိုင်းတုံမြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာနမှူး ဒေါ်ကေသွယ်ကျော်က ရွှေဆိုင်လုပ်ငန်းရှင်များအား ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာအကြောင်း သိကောင်းစရာများနှင့် ပြည်တွင်းအခွန်ဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် အခွန်အကြောင်း သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် ရွှေဆိုင်လုပ်ငန်းရှင်များက သိလိုသည်များ မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)