ကျွန်းစု ဒီဇင်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သမဝါယမ ဦးစီးဌာနတို့ပူးပေါင်းပြီး ပြည်သူ့အကျိုးပြု သမဝါယမလုပ်ငန်းအကြောင်း အသိပညာပေး (Talk Show)ကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ပြန်/ဆက်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရိုက်ကူး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးသန္တာဖြိုးက (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြီး မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးတင်စိုးက ပြည်သူ့အကျိုးပြု လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရပ်ကွက်/ကျေးရွာများတွင် သမအသင်းဖွဲ့စည်းရာ၌ ဆောင်ရွက်ရမည့်အချက်များ၊ မှတ်ပုံတင်ခြင်းနှင့် ဖျက်သိမ်းခြင်းအကြောင်း၊ အသေးစားအရင်းအနှီးချေးငွေ လုပ်ငန်းများအကြောင်း၊ ချေးငွေထုတ်ချေးမှု အခြေအနေနှင့် အရင်းအတိုးပြန်ဆပ်ရာ၌ ပျက်ကွက်မှုရှိလျှင် ဆောင်ရွက်ရမည့် အခြေအနေများ၊ အသင်းသားများအတွက် သက်သာ ချောင်ချိရေး ဆောင်ရွက်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးခြင်း အစီအစဉ်အား ကျွန်းစုမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page တို့က ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
မင်းကျော်စော(ပြန်/ဆက်)