ကျောက်ကြီး ဒီဇင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်မှ၂၀၂၅-၂၀၂၆ ဘဏ္ဍာ နှစ်အထိ စည်ပင်သာယာရေး ကော်မတီဝင် များပြန်လည်ရွေးချယ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ယနေ့ နံနက်(၁၀)နာရီအချိန်ကကျင်းပ ပြုလုပ်ခဲ့ သည်။
အခမ်းအနားတွင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်ငွေ ၊ တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးစည်သူလွင်တို့မှ အမှာ စကား ပြောကြားပြီးမြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာ ရှိ ဦးခွန်ဆန်းမင်းထွန်း ကမိမိမြို့နယ်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်နိုင်သူအား စိစစ်ရွေးချယ်ကြရန်နှင့် စည် ပင်သာယာရေးကော်မတီရွေးချယ်ရေး ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ သည်။
ထို့နောက် မြို့နယ်ကြီးကြပ်ရေး အဖွဲ့၊ ရပ်ကွက်/ကျေးရွာ ကြီးကြပ်ရေးအဖွဲ့များကို ဖွဲ့စည်းနိုင်ရေး ဆွေးနွေးပြီး တက်ရောက်လာသူများမှ သိလို သည်များမေးမြန်းခြင်းကိုပြန်လည်ဖြေကြားရှင်းလင်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးမြင့်ငွေ၊ တိုင်းဒေသကြီးအမှတ်(၁)လွှတ်တော် ကိုယ်စားလှယ် ဦးစည်သူလွင်၊ ကျောက်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်သူနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် မြို့မိမြို့ဖများတက်ရောက်ခဲ့ ကြောင်းသိရသည်။
K ခိုင်ပြန်/ဆက်