လွိုင်ကော် ဒီဇင်ဘာ ၂၄
ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘောစ့်ကိုနှင့် တာဝန်ရှိသူတို့သည် ယနေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့နယ် အတွင်းရှိ သီလရှင်ကျောင်းများနှင့် မိဘမဲ့ ဂေဟာကျောင်းများ၌ ခရစ္စမတ် လက်ဆောင်များ သွားရောက် ပေးအပ်ခဲ့သည် ။
ထို့သို့ သွားရောက်ပေးအပ်ရာတွင် ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘောစ့်ကို ၊ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ ၊ ပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော် ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ နှင့်တာဝန်ရှိသူတို့က ကောင်းသောသိုးထိန်းသီလရှင်ကျောင်း၊ စိန်ပေါလ် မိဘမဲ့ ဂေဟာကျောင်း ၊ ငြိမ်းချမ်းလမ်းမိဘမဲ့ဂေဟာကျောင်း တို့၌ ခရစ္စမတ် လက်ဆောင်များသွားရောက်ပေးအပ်ခဲ့သည် ။
ထို့နောက် ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘောစ့်ကိုက စိန်ပေါလ်မိဘမဲ့ဂေဟာကျောင်းရှိ ကျောင်းသား ၊ ကျောင်းသူများနှင့် သီလရှင်များအတွက် အာဟာရ ဖြည့်စွက်စာအဖြစ် ထောက်ပံ့အလှူငွေ ကျပ်(၅) သိန်း၊ ငြိမ်းချမ်းလမ်းမိဘမဲ့ဂေဟာကျောင်းရှိ လိုအပ်နေအပ်သည့် ပရိဘောဂပစ္စည်းများ ဝယ်ယူရန်အတွက် ထောက်ပံ့ အလှူငွေကျပ် (၁၀)သိန်းနှင့် ရှင်မာတေးဦးသီလရှင်ကျောင်းရှိ ထမင်းစားဆောင်အသစ် ဆောက်လုပ်ရန်အတွက် ထောက်ပံ့ အလှူငွေကျပ် သိန်း(၂၀)တို့အား လှူဒါန်းခဲ့ကြောင်းသိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)