တောင်တွင်းကြီး အောက်တိုဘာ ၇
၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)၌ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် အောင်မြင်ဇေယျ ရခိုင်စေတီတော်မြတ်ကြီးနှင့် ဇေယျမင်္ဂလာ ရွှေအင်းတောင်စေတီတော်၌ ကုသိုလ်ကောင်းမှုပြုသူများ အထူးစည်ကား လျက်ရှိသည်။
အဆိုပါ စေတီတော်ဝင်ရာလမ်းတစ်လျှောက်၌ မုန့်ဆိုင်တန်းများ၊ ကလေးကစားစရာပစ္စည်း အရောင်းဆိုင်များဖြင့် လည်ပတ်စားသောက်လျက်ရှိသူများဖြင့် စည်ကားလျက်ရှိသည့်အပြင် အဆိုပါ တောင်တွင်းကြီးမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဗိမာန်လိုဏ်ဂူ စေတီတော်ကြီး တွင်လည်း ကုသိုလ်ကောင်းမှုပြုသူများ၊ လည်ပတ်သူများဖြင့် စည်းကားလျက်ရှိသည်။
ထို့ပြင် ရတနာပွင့်လှ ကန်တော်ကြီးတွင်လည်း မိသားစုလိုက်လာရောက်လည်ပတ် အပန်းဖြေသူများဖြင့် ယခင်နှစ်များထက် စည်ကားလျက်ရှိကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)