ဒေးဒရဲမြို့နယ်၌ Swimming Doctors ဇီဝကဆေးခန်းရေယာဥ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

ဒေးဒရဲ အောက်တိုဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် အထွေထွေရောဂါကုဆရာဝန်များ၊  ဆေးမှူးများ၊ သူနာပြုများပါဝင်သော ဇီဝကဆေးခန်းရေယာဥ်ဖြင့် ယနေ့နံနက် (၁၀) နာရီက ဒေးဒရဲမြို့နယ်၊ မိချောင်းအိုင်ကျေးရွာ၌ အခြေပြု၍ ပတ်ဝန်းကျင်ကျေးရွာများရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး ပြည်သူများအား အထွေထွေရောဂါများ စမ်းသပ်ကုသမှုပေးနေမှု၊ သွားနှင့် ခံတွင်း ဆိုင်ရာရောဂါများ စစ်ဆေးကုသပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း