ပုသိမ်မြို့၏ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးတွင် ဘုရားဖူးပြည်သူများ စည်ကားများပြား

ပုသိမ်       အောက်တိုဘာ       ၇

သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ အောက်တိုဘာ ၆ ရက်ညပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးတွင် ဥပုသ်သီလခံယူဆောက်တည်သူများ၊ ဝတ်ရွတ်အဖွဲ့များ၊ ဘုရားဖူးပြည်သူများ စည်ကားများပြားလျက်ရှိသည်။

ရွှေမုဋ္ဌောမဟာစေတီတော်ကြီးအပါအဝင် ပုသိမ်မြို့ပေါ်ရှိ ဘုရား၊ စေတီ၊ ပုထိုးများတွင် ဥပုသ်သီလခံယူဆောက်တည်သူများ ကုသိုလ်ဒါနပြုသူများဖြင့်စည်ကားများပြားသကဲ့သို့ MSME ပြပွဲပြိုင်ပွဲ၊ ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား ထုတ်ကုန်ပစ္စည်းများ ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲတွင် လာရောက်လေ့လာဝယ်ယူသူများ၊ နိုင်ငံကျော်တေးသံရှင်များ၏ တေးသီချင်းများဖြင့်ဖျော်ဖြေမှုများ လာရောက်ကြည့်ရှုသူများဖြင့်စည်ကားခဲ့ပြီး ပုသိမ်တံတား၊ ရေပေါ်ဈေး၊ ကမ်းနားလမ်းရှုခင်းသာရင်ပြင်၊ ကန်သုံးဆင့် အပန်းဖြေဥယျာဉ် အစရှိသည့်နေရာများတွင်လည်း အနားယူအပန်းဖြေသူများ၊ လာရောက် လည်ပတ်သူများဖြင့် စည်ကားခဲ့ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)