မြန်အောင် အောက်တိုဘာ ၇
သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့သမိုင်းဝင် မြန်အောင်ရွှေဘုံသာစေတီတော်မြတ်ကြီး၌ ဆီမီး (၃၀၀၀) ပူဇော်ပွဲနှင့် ဘုရားစေတီပုထိုးများတွင် ဆီမီးရောင်စုံပူဇော်ခြင်း၊ မီးပုံးပျံလွှတ်တင်ခြင်း၊ လျှပ်စစ်မီး ရောင်စုံများဖြင့် ပူဇော်ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မြန်အောင်မြို့ သမိုင်းဝင်မြန်အောင်ရွှေဘုံသာ စေတီတော်မြတ်ကြီး ဆီမီး (၃၀၀၀) ပူဇော်ပွဲတွင် မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်ဇနီး၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့်ဇနီး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပရိတ်အသင်းအဖွဲ့များကစုပေါင်း၍ ဆီမီးထွန်းညှိပူဇော်ခဲ့ကြသည်။
အလားတူ မြန်အောင်မြို့ ပြည်တော်အေးဘုရား၌ ဧရာဝတီမြစ်အတွင်း ဆီမီးတစ်ထောင်ပန်းတစ်ထောင် မီးမျှောပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်