ကြံခင်း အောက်တိုဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးမှူး၍ ယမန်နေ့ ည ၇ နာရီအချိန်တွင် ဂေါတမသဗ္ဗညုရွှေပြည်အေး(၁၁)ထပ်ဘုရားကြီး ပုရဝဏ်အတွင်း ဆီမီး ၁၀၀၀ ကပ်လှူပူဇော်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့်ဇနီး၊ အတွင်းရေးမှူး မြို့ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုးနှင့်ဇနီး၊ အဖွဲ့ဝင်ဗိုလ်မှူး သောင်းထွဋ်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံ ပြည်သူများက ဂေါတမသဗ္ဗညုရွှေပြည်အေး(၁၁)ထပ်ဘုရားကြီး ပုရဝဏ်အတွင်း ဆီမီး ၁၀၀၀ နှင့် အမွှေးနံ့သာများ ထွန်းညှိကပ်လှူပူဇော်ခဲ့ကြသည်။
အလားတူ ကြံခင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်၊ ကျေးရွာ/အုပ်စုများတွင် ဂေါတမမြတ်စွာဘုရားရှင်အားရည်မှန်းကာ ဆီမီးများ ထွန်းညှိပူဇော်လျက်ရှိပြီး ဘုရား၊ စေတီပုထိုးများ၌ ပဝါရဏာ ကပ်လှူပွဲကျင်းပခြင်း၊ ပဋ္ဌာန်းဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ မြန်မာရိုးရာ မီးပုံပျံများလွှတ်တင်ပူဇော်ပွဲများ ကျင်းပလျက်ရှိကြောင်း သိရသည်။
ဖြိုးဝေလင်း